Htc ဖုန်းတစ်လုံးကို firmware ရှာမယ်ဆိုရင် ဖုန်းရဲ့ infomation တွေ သိဖို့
လိုပါတယ်။ ဥပမာ – ဘာမော်ဒယ်၊ version ဘယ်လောက်၊ဘာ cid အစရှိတဲ့
အချက်တွေပါ။ ကဲ ပထမဆုံး firmware ရှာဖို့ ဖုန်းရဲ့ infomation တွေ
အရင်စစ်ရအောင် Adb folder လိုပါတယ်။ ပြီးရင် adb comment ပေးပါမယ် ဖုန်းကို
fastboot mode ကိုဝင်လိုက်ပါ။ vol down + power နဲ့ ပြီးရင် fastboot
ဆိုတာလေးကို
up down နဲ့ရွေးပြီး ပါဝါ ခလုတ်နှိပ်လိုက်ပါ။fastboot mode ရောက်ရင် ဖုန်းကို computer နဲ့ချိတ်ဆက်ပါ။ “Fastboot getvar all” ဆိုပြီးရိုက်လိုက်ပါ///
Infomation တွေ ကျလာပါလိမ့်မယ်။ ကြည့်ရမဲ့ info တွေကတော့ Main-version – 1.00.xxxxx Cid – HTC_044 Product. – M7_ul စတဲ့အချက်သုံးချက်ပါ ပြီးရင် google search မှာ ဒီလိုရိုက်လိုက်ပါ “M7_ul wwe ruu exe ” Firmware file တွေ ထွက်လာပါလိမ့်မယ် ရှာဒေါင်းလိုက်ပါတော့။ M7_ul က model ပါ htc_044 က region ဖြစ်တဲ့အတွက် wwe အစားထိုးလိုက်တာပါ asia region ပါ။ ဘယ်နံပါတ်က ဘာ region တွေဆိုတာ တင်ပေးသွားပါဦးမယ် ။ကျွန်တော်လည်း အလွတ်မရပါဘူး။download လုပ်တဲ့အချိန် ကြည့်ရမဲ့အချက်တွေက mai-version နံပါတ်ပါ လက်ရှိ version နဲ့တူရင်တူ မတူရင် မြင့်မှ ရမှာပါ နိမ့်လို့မရပါဘူး။ ပြီးတော့ firmware file က ruu.exe ပဲဖြစ်ရပါ့မယ်။
Htc firmware တင်နည်း ကတော့ လွယ်သွားပါပြီ firmware ရှာတာသာ ခက်တာပါ။ firmware တင်တဲ့အချိန် သတိထားရမဲ့ အချက်တွေ tutorial ထပ်တင်ပေးပါဦးမယ်။ လိုင်းမကောင်းတဲ့ ကြားထဲက တင်ပေးလိုက်တာပါ အခုပို့စ်ကို အားလုံး အဆင်ပြေပါစေ။

Post a Comment Blogger Facebook